Sunday, March 3, 2013

"ပင်္နးပျိုးတဲ့သူရဲံ့အတ္တ"

"ပင်္နးပျိုးတဲ့သူရဲံ့အတ္တ"

ပန်းလေးတပွင့် ဖြစ်တည်မှုက
ဥယျာဉ်မှုးလေးရဲ့တာဝန်လေ .........

နတ်သမီးလေးလိုလှတဲ့ချစ်သူ
မင်းရင်ခွင်မှာမဉ္ဇူသကနတ်ပန်းပင်လေး
စိုက်ပျိုးပါရစေ...

ချစ်သူ.ရင်ခွင်ဥယျာဉ်မှာ
အချစ်ပန်းလေးတပွင့် ပွင့်ဖူးဖို.က
ကျွန်တော့်တာဝန်ပေါ့

နတ်သမီးလေးရေ
အချစ်ပန်းပင်လေးကိုစိုက်ပျိုးဖို့
ငါ့ကိုမင်းရင်ခွင်လေးထဲမှာ
နေရာလေးတစ်ခုပေးပါနော်....

နှလုံးသားလေးထဲအမြစ်တွယ်စေဖို့
လိုအပ်တဲ့အရာကသံယောဇဉ်
ရေသောက်မြစ်လေးပေါ့

အချစ်ပန်းပင်လေးကအချစ်ပန်းလေးကို
ချစ်သူရဲ့နှလုံးသားဥယျာဉ်လေးထဲမှာ
ချစ်သူဥယျာဉ်မူးလေးအဖြစ်
ချစ်ပန်းလေးပျိုးပါရစေနော် ....

ပန်းလေးနဲ့တူတဲ့ချစ်သူ
လေစိမ်းတွေတိုက်နေရင်
ကိုယ့်ရင်ခွင်နဲ့အနီးဆုံးနေရာမှာနေပါ
ကိုယ်မင်းကိုအဆုံးရှုံးမခံနိုင်ဘူး

ပျားပိတုန်းလေးတွေရယ်
တစ်ခုလောက်တော့တောင်းဆိုပါရစေ
ကျွန်တော့အချစ်ပန်းလေးရဲ့
ချစ်ဆိပ်ဝတ်ရည်လေးတွေကိုတော့
မထိပါနဲ့နော်

ကျွန်တော့နှလုံးသားလေးကို
တစစီကြီတ်ခြေမြေသြဇာအဖြစ်ပြောင်း
ရှိသမျှခွန်အားလေးတွေနဲ့ပေါင်းသင်
မေတ္တာရေစင်သွန်းလောင်းခဲ့ရသလို
ကျွန်တော့အတ္တကိုကိုယ်ရံတော်
ခန့်ထားခဲ့တယ် နော် ....

နတ်သမီးလေးလိုလှတဲ့ချစ်ရသူရေ
ပန်းချူသူဆိုတာ ဥယျာဉ်မှုးလောက်
ပန်းကိုတန်ဖိုးထားမှာမဟုတ်သလို ...

ငါ့ချစ်သူမင်းလေးကို
ချစ်တဲ့သူဝိုင်းဝိုင်းလယ်နေပေမယ့်
ငါ့လောက်မြတ်နိုးတန်ဖိုးထားမယ့်လူမရှိနိုင်ဘူးနော် ...

Tuesday, November 27, 2012

.window 7 တင်နည်း


Window 7 တင်ဖို့အတွက် ပထမဆုံးသိထားရမှာက ကွန်ပြူတာဟာ အောက်ပါအချက်တွေနဲ့ အနည်းဆုံးပြည့်စုံမှ ကောင်းမှာပါ။ ကိုတင်မယ့် window ဟာ 32-bit လား 64-bit လားသိရပါမယ်။

Windows 7 system requirements

  • 1 gigahertz (GHz) or faster 32-bit (x86) or 64-bit (x64) processor
  • 1 gigabyte (GB) RAM (32-bit) or 2 GB RAM (64-bit)
  • 16 GB available hard disk space (32-bit) or 20 GB (64-bit)
  • DirectX 9 graphics device with WDDM 1.0 or higher driver
အခုလိုပြည့်စုံရင် စက်ကို စပြီးဖွင့်ရပါမယ်။ စက်ဖွင့်ဖွင့်ချင်း setup ဆိုတဲ့နေရာမှာ ရေးထားတဲ့ ဥပမာ။ ။ Del, F2, F10 စတဲ့ key တွေနှိပ်ရပါမယ်။ ပြထားတာ Del key ဆိုလျှင် keyboard မှာရှိတဲ့ Del key ကို နှိပ်ရပါမယ်။ CMOS setting ထဲကို ၀င်တာပါ။ ပုံတွေက အင်တာနက်မှာ ရှာထားပြီးတင်ထားရတာဆိုတော့ ဖြတ်ညှပ်ကပ်လုပ်ထားရတာပါ။

ဒီ mother board မှာ press DEL to enter setup လို့ အောက်ဖက်နားမှာ ပြထားတာကို တွေ့ရပါလိမ့်မယ်။ ဒါဆိုရင် keyboard မှ Delete key


ဘားကုဒ်တွေကို ဘယ်လို ဖတ်ကြမလဲ

လူတိုင်းဟာ ပစ္စည်းရဲ့ တံဆိပ်ကလေးတွေကို ကြည့်ပြီး ဝယ်လေ့ရှိပါတယ်။ ၄င်း ပစ္စည်းရဲ့ နောက်ကျောဘက်မှာ ရေးထားတဲ့ ကုဒ်ကိုတော့ ဖတ်လေ့ဖတ်ထ မရှိသလောက်ပါပဲ။ တခါတရံမှာ ပစ္စည်း ထုပ်ပိုးထားတာရဲ့ ဗူးဆိုလျှင် အောက်ခြေလောက်မှာ ခေါင်းလျှော်ရည်ဆိုလျှင် ဘေးမှာ စသည်ဖြင့် ဘားကုဒ်ကလေးတွေ ရှိတတ်ကြပါတယ်။
ထိုဘားကုဒ်ကလေးတွေကို ကြည့်ခြင်းအားဖြင့် ဒီပစ္စည်းဟာ ဘယ်ကလာတယ် ဆိုတာကို သိနိုင်ပါတယ်။ ဒါပေမဲ့ အမျိုးအစားတိုင်းမှာ တွေ့နိုင်မယ်လို့တော့ သင်တွေးထားလို့ မရပါဘူး။ ဥပမာ ဘယ်နိုင်ငံမှာ ပြုလုပ်ပြီး ဘယ်မြို့မှာ ပြုလုပ်တယ်ဆိုတာကို သင်သိနိုင်ပါတယ်တဲ့။